IMMF ကိုယ်ပိုင် အင်တာနက် စာမျက်နှာ လွင့်တင်ခြင်း

အသင်း၏ သတင်းများကိုပိုမို စုစုစည်းစည်း နှင့် ပြန်လည်ရှာဖွေရရှိနိုင်ရန်အတွက် facebook group အပြင်ယခု အင်တာနက်စာမျက်နှာကိုပါ ထပ်မံတည်ထောင်လိုက်သည်။ ၎င်းအပြင် ပြင်ပဆက်ဆံမှုကိုပိုမိုတိုးချဲ့ရန်အတွက် အနန္တမေတ္တာ fan page ကိုလည်း facebook တွင် အသစ်ဖွင့်လှစ်ခဲ့သည်။ ထိုစာမျက်နှာကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Read More

IMMF နှစ်ပတ်လည်အစည်းအဝေး(၂၀၁၃)

ရက်စွဲ – ၁၁.၁.၂၀၁၄ အချိန် – ၁း၀၀နာရီ မှ ၄း၃၀နာရီ အထိ နေရာ – မြို့တော်ဆေးရုံ (မန္တလေး) အစည်းအဝေးဆုံးဖြတ်ချက်များ- (၁)၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ဆန္ဒမဲအရေအတွက် အလိုက် ရွေးချယ်ခံရသော ကော်မတီဝင်များနှင့် တာဝန်များကို အတည်ပြုသည်။ (၂)၂၀၁၃ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းအား ထောက်ခံအတည်ပြုသည်။ (၃)မန္တလေးရုံးမှအသင်းရံပုံငွေများကို Myanmar Investment & Commerical Bank တွင် အပ်နှံထားရှိရာမှKBZ Bank (မင်္ဂလာဈေးဘဏ်ခွဲ)သို့ ပြောင်းလဲထားရှိရန် ဆုံးဖြတ်ကြသည်။ (၄)၂၀၁၄-၂၀၁၅ခုနှစ်အတွက် လျာထားဘဏ္ဍာရေးသုံးစွဲမည့်ပမာဏအား အတည်ပြုသည်။ ၂၀၁၄ခုနှစ် လျာထားသော သိန်း(၁၅၀)ကျပ်ထဲမှ ကျန်းမာရေးကဏ္ဍအတွက် (၈၂၅၀၀၀၀)ကျပ်၊ ပညာရေးကဏ္ဍ အတွက် (၃၇၅၀၀၀၀)ကျပ်၊ လူမှုရေးကဏ္ဍအတွက် (၃၀၀၀၀၀၀)ကျပ်သုံးစွဲရန် သဘောတူကြပါသည်။ (၅)ဖောင်ဒေးရှင်း၏  သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းများ၊  အလှူငွေကောက်ခံရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ…

Read More