IMMF ကိုယ်ပိုင် အင်တာနက် စာမျက်နှာ လွင့်တင်ခြင်း

Dr.Thein Tunအသင်း၏ သတင်းများကိုပိုမို စုစုစည်းစည်း နှင့် ပြန်လည်ရှာဖွေရရှိနိုင်ရန်အတွက် facebook group အပြင်ယခု အင်တာနက်စာမျက်နှာကိုပါ ထပ်မံတည်ထောင်လိုက်သည်။

၎င်းအပြင် ပြင်ပဆက်ဆံမှုကိုပိုမိုတိုးချဲ့ရန်အတွက် အနန္တမေတ္တာ fan page ကိုလည်း facebook တွင် အသစ်ဖွင့်လှစ်ခဲ့သည်။ ထိုစာမျက်နှာကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသင်းသားတို့နှင့် အဓိကသက်ဆိုင်သောသတင်းများကို သတင်းစာမျက်နှာများတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အဖွဲ့အစည်းအနေဖြင့် ပြင်ပသို့အသိပေးအကြောင်းကြားလိုသော အကြောင်းခြင်းရာများကို သတင်းထုတ်ပြန်မှုများတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၎င်းတို့သာမက အလှူရှင်စာရင်း၊ အသင်းတွင် တာဝန်ယူဆောင်ရွက်နေကြသောသူများ၏ စာရင်းအစရှိသည်တို့ကိုလည်း ထည့်သွင်းထားပါသည်။

ပြင်ပမှလှူဒါန်းလိုသော စေတနာရှင်တို့လည်း ပါဝင်လှူဒါန်းနိုင်ရန်အတွက် အသင်း၏ရုံး၊ တာဝန်ရှိသူများနှင့် လိုအပ်သောအချက်အလက်များကို တပါတည်းထည့်သွင်းထားပါသည်။

အကြံပြုဆွေးနွေးချက်များကို မှတ်ချက်ပေးဆွေးနွေးနိုင်ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်