နယ်လှည့်ဆေးကုသရေး
အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ ၂၉.၇.၂၀၁၂ ရက်နေ့တွင်
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့မှ ကျိုက်လတ်ကိုသွားတဲ့ လမ်းခွဲလေးကနေ
(၈)မိုင်ကျော်ကျော်မှာရှိတဲ့ ရွှေဘိုစုကျေးရွာလေးကို မနက် ၉း၃၀ အချိန်မှာ
ရောက်ရှိပါတယ်။ယာဉ်အသွားအလာနည်းပါးပြီးမြို့အလှန်းဝေးတဲ့ဒေသတစ်ခုပါ
ရွာအဝင်မူလတန်းကျောင်းလေးမှာပဲ ဆေးကုသမှုကိုစတင်ခဲ့ပါတယ်။
ရွှေဘိုစုကျေးရွာနဲ့အနီးတဝိုက်မှာရှိတဲ့ ရွာသာအေး၊ အေးရွာသစ်၊
အဖောင်ကြီး၊ ကျောင်းစုသဗြုချောင်း၊ ဒါးမသိမ်း၊ ဖိုးတုတ်၊ ဘုရားကလေး၊
ဂုံမင်းကွင်း၊ သက်ကယ်ချောင်အစရှိတဲ့ ရွာပေါင်း (၁၁)ရွာကလာရောက်
ဆေးကုသမှုခံယူကြပါတယ်။ လူနာပေါင်း ( ၂၂၇ ) ဦးကိုကျန်းမာရေး
စောင့်ရှောက်မှုပေးခဲ့ကြပါတယ်။