နယ်လှည့်ဆေးကုသရေး

အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်း ၊ မကွေးမြို့ နေ့စဉ်သံဃာဒါနဆွမ်းလောင်းအသင်း နှင့် မကွေးပရဟိတ အဖွဲ့(၃)ဖွဲ့ပေါင်းစပ်ကာဖြင့် ယနေ့ ၂၇.၉.၂၀၁၅ (တနင်္ဂနွေနေ့)တွင် စေတုတ္တရာမြို့နှင့်အနီးတ၀ိုက်ရှိ ကျေးရွာများမှရေဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအား စတုဒီသာထမင်းကျွေးမွေးခြင်းနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုပ်ငန်းအလှူဒါနတို့ကို ပြုလုပ်နိုင်ခဲ့ကြပါသည်။

FB_IMG_1446194336201

စေတုတ္တရာမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရေဘေးသင့်ပြည်သူများ အနီးအနားရှိ ကျေရွာများနှင့် ဝေးလံသော ကျေးရွာများမှ ရေဘေးဒဏ်ခံစားခဲ့ရသော ရဟန်း၊သီးလရှင်ဆရာလေးများ၊ သက်ကြီးရွယ်အိုအဖိုးအဘွားများ၊ လေဖြတ်ဝေဒနာရှင်များ၊ ကလေးသူငယ်များပါမကျန် စေတုတ္တရာမြို့လယ်ဓမ္မာရုံနှင့် ဘုန်ကြီးကျောင်းဓမ္မာရုံး အပြည့်အလျှံဆေးဝါးကုသမှုခံယူရန်ရောက်ရှိနေကြပါသည်။

27.9.2015

အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင်များအား မြို့လယ်ဓမ္မာရုံတွင် မျက်စိစမ်းသပ်ပေးခြင်း၊ လိုအပ်ပါက မျက်မှန်များ အခမဲ့ ဝေငှပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ ကြပါသည်၊

မြို့လယ်ဘုန်းကြီးကျောင်းဓမ္မာရုံ ၌လည်း အခန်းများခွဲလျက် အထွေထွေရောဂါလူနာပေါင်း(၆၀၀)ကျော်အား အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းမှ ဆရာဆရာမများနှင့်သူနာပြုများ၊ မကွေးပရဟိတအသင်သူအသင်သားများ အားလုံးနေ့လည်စာထမင်းစားချိန်လေး တစ်ချိန်သာအနားယူလျှက် မိမိကျရာတာဝန်များ ကိုအပြည့်အ၀တာဝန်ယူ ပြုစုကုသပေးနိုင်ခဲ့ကြပါသည်။

27.9.2015

27.9.2015

ဆေးဝါးကုသပြီးသောလူနာများ၊ကုသရန်အလှည့် မကျသေးသောလူနာများအား မကွေးမြို့နေ့စဉ်ဒါနသံဃာ့ဆွမ်းလောင်းအသင်းကြီးမှ ချက်ပြုတ်ကျွေးမွေးလှူဒါန်းသော စတုဒီသာထမင်းဟင်းများဖြင့် တည်ခင်းကျွေးမွေးဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။

27.9.2015

မျက်စိဝေဒနာရှင်နှင့်အထွေထွေရောဂါ ဝေဒနာရှင်ပေါင်း(၁၀၀၀)ကျော်အားပြုစုကုသပေးနိုင်ခဲ့သော်လည်း အချိန်ကာလတစ်ခုကိုမစောင့်ဆိုင်းနိုင်သဖြင့် ကုသခွင့်မရလိုက်သော ဝေဒနာရှင်မိဘများအတွက်လည်း အနန္တမြန်မာ့မေတ္တာဖောင်ဒေးရှင်းအဖွဲ့ အနေနှင့် များစွာစိတ်မကောင်းဖြစ်မိပါသည်။ပရဟိတ(၃)သင်းပေါင်း လျှက်ယခုထက်ပိုမိုသော ပြင်ဆင်မှု၊လူအင်အား၊ဆေးဝါးပစ္စည်းအင်အားများဖြင့် နောက်ထပ်တစ်ကြိမ်လာခဲ့ချင်ပါသေးသည်။လာနိုင်အောင်လည်းကြိုးစားပါဦးမည်။ ဆေးဝါကုသမှုအလှူဒါနနှင့်စတုဒီသာအလှူဒါနတို့အားယခုကဲ့သို့ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်နိုင်အောင် ကူညီပေးပါသော မြို့ခံဆရာများနှင့် သူနာပြုဆရာမကြီးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအားပရဟိတအဖွဲ့(၃)ဖွဲ့ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ရင်း စေတုတ္တရာမြို့မှခြိမ့်ခြိမ့်သဲ သုံးဖွဲ့ပေါင်းတဲ့ အလှူတော်ပွဲကြီး ညနေ(၆း၁၅)နာရီအချိန်တွင် အောင်မြင်စွာဖြင့် ပြီးမြောက်ခဲ့ပါသည်။

 

 

One Comment On “နယ်လှည့်ဆေးကုသရေး”

  1. Pingback: နယ်လှည့်ဆေးကုသရေး | အနန္တမြန်မာ့မေတ္တာ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်