၂၀၁၃ခုနှစ်အတွင်း ဆောင်ရွက်မှုများ

ကျန်းမာရေးကဏ္ဍ

ရန်ကုန်နှင့်မန္တလေးမြို့ရှိ အလုပ်အမှုဆောင်ကော်မတီဝင် အသီးသီး၏ လှုပ်ရှားနှိုးဆော်မှုများနှင့်အတူ အသင်းဝင်သူငယ်ချင်းအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့်နယ်လှည့်ဆေးကုသမှုအစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်ဦးချင်းစီ၏ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သောဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ပေးခြင်း၊ ရောဂါရှာဖွေကုသပေးခြင်း၊ လိုအပ်သောဆေးဝါးများဖြင့် ထောက်ပံ့ကုသပေးခြင်း၊ ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သည့်လူနာများအား တာဝန်ယူ၍လွှဲပြောင်းကုသစေခြင်း၊ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ လိုအပ်သောဒေသများတွင် Follow up အနေဖြင့် ဒုတိယအကြိမ်၊တတိယအကြိမ် ပြန်လည်သွားရောက်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

Mobile Clinic ထွက်ရန် နေရာရွေးချယ် ရာ၌ အသင်းဝင်သူငယ်ချင်းများ၏ အဆက်အသွယ်ဖြစ်သော ဒေသ၊ ဆွေမျိုးအရင်းအချာများရှိသော ဒေသ၊ ကျန်းမာရေး စောင့်ရှောက်မှုအထူးလိုအပ်နေသည်ဟု အသင်းဝင်သူငယ်ချင်းများ၏ မှတ်ချက်ပြုသော ဒေသများကို အဓိကထား၍ ဆောင်ရွက်ပေးခဲ့ပါသည်။ မိဘမဲ့ကလေးကျောင်းများ၊ဘိုးဘွားရိပ်သာများ၊ပရဟိတလူငယ်သင်တန်းကျောင်းများအား အလျဉ်းသင့်သလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ (တစ်နှစ်တာကာလအတွင်း လှုပ်ရှားမှုများ၊ကုသခဲ့သည့်လူနာဦးရေနှင့် ကုန်ကျစရိတ်များအား နောက်ဆက်တွဲများအဖြစ်ဖော်ပြထားပါသည်)

အင်းလေး

အင်းလေးဒေသ ကွင်းဆင်းကုသ လှုပ်ရှားမှု

အင်းလေး

အင်းလေးဒေသ ကွင်းဆင်းကုသ လှုပ်ရှားမှု

အင်းလေးဒေသ၊နွားဓမတောင်ရွာသို့သွားရောက်ခဲ့ရာတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီး များလိုက်ပါဆောင်ရွက်ခဲ့သဖြင့် လူထုအား ထိရောက်သောစောင့်ရှောက်မှုများပေးနိုင်ခဲ့ပြီးမီးယပ်ရောဂါများအတွက် Pap Smear ကို လူနာ(၆၂)ဦး ရယူစစ်ဆေးပေးနိုင်ခဲ့ခြင်း၊ မျက်စိလူနာ (၂၃၃)ဦးမှ လူနာ(၂၀၀)ဦးအားအခမဲ့မျက်မှန်တပ်ဆင်ပေးခဲ့ခြင်း၊လည်ပင်းကြီးရောဂါလူနာ(၂၀)ဦးခန့်အား စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အား အခမဲ့ခွဲစိတ်ကုသပေးရန် ကျောက်ဆည်ဆေးရုံကြီးတွင် ချိန်းဆိုခဲ့ပါသည်။

ဟင်္သာတ

ဟင်္သာတ ကွင်းဆင်းကုသ လှုပ်ရှားမှု

ဒမ္ဘီကျေးရွာ ဟင်္သာတမြို့နယ်တွင် အသက်(၅၀)နှစ် အထက်လူနာ(၂၁၆)ဦး အား သွေးချိုစမ်းသပ်စစ်ဆေးရာ (၃၃)ဦး သွေးချိုရောဂါ စမ်းသပ်စစ်ဆေးမိကြောင်းနှင့်

???????????????????????????????

သန်လျင် သနပ်ပင်ကျေးရွာ ကွင်းဆင်းလှုပ်ရှားမှုများ

Thanlyin(Natural Yakethar)

သန်လျင် သနပ်ပင်ကျေးရွာ ကွင်းဆင်းလှုပ်ရှားမှုများ

သန်လျင်မြို့နယ်၊သဘာဝတရား ရိပ်သာတွင် အသက်(၅၀)နှစ်အထက်လူနာ (၂၇၅)ဦးအား သွေးချိုစမ်းသပ်စစ်ဆေးရာ (၃၆)ဦး သွေးချိုရောဂါစမ်းသပ်စစ်ဆေးတွေ့ရှိပြီး ဆေးဝါးများပေး၍ ကုသပေးခဲ့ခြင်း၊

???????????????????????????????

ငါန်းမြာကြီးကျေးရွာ ကွင်းဆင်းလှုပ်ရှားမှုများ

???????????????????????????????

ငါန်းမြာကြီးကျေးရွာ ကွင်းဆင်းလှုပ်ရှားမှုများ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာသို့သွားရောက်ခဲ့စဉ်အခါက မျက်စိလူနာ(၈၅၂)ဦး မှ လူနာ (၄၀၀)ဦးအား အခမဲ့ မျက်မှန်တပ်ဆင်ပေးခဲ့ခြင်း၊အတွင်းတိမ်လူနာ (၆၅)ဦး၊ Pterygium လူနာ(၂၃)ဦးအား ခွဲစိတ်ကုသပေးခဲ့ခြင်း၊ Mobile Clinic ခရီးစဉ် အားလုံးတွင်အသက်(၆၀)နှစ်နှင့်အထက်လူနာများ အား ECG ဖြင့်နှလုံးစမ်းသပ်စစ်ဆေးမှုများပြုလုပ်ပေးခဲ့ပြီး နှလုံးရောဂါရှိသူများအားလည်း သမားတော်များနှင့်တိုင်ပင်ကုသပေးခဲ့ခြင်းတို့မှာ အသင်း၏ မှတ်တမ်းဝင်အောင်မြင်မှုများဖြစ်ပါသည်။

၁၉၈၃-၁၉၉၃ မန္တလေးဆေးတက္ကသိုလ် ဆရာကြီး၊ ဆရာမကြီးများ၏ကျန်းမာရေးချို့ယွင်းမှုရှိလာပါက အသင်းအနေဖြင့်ထောက်ပံ့ရန် ဆုံးဖြတ်ထားသည့်အတိုင်း ကျန်းမာရေးချို့တဲ့သော ဆရာကြီး၊ ဆရာမကြီးများအား ပုဂ္ဂလိကဆေးရုံများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးထောက်ပံ့ငွေများလှူဒါန်းပံ့ပိုးကူညီပေးခြင်း၊ အသင်းဝင်သူငယ်ချင်းများ ကျန်းမာရေးချို့ယွင်းမှုရှိပါကလည်း အသင်းမှဆေးဝါးကုသရန်အတွက် ငွေများပံ့ပိုးကူညီခြင်း တို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အသင်းဝင်များ၏ရံပုံငွေများဖြင့် ကျန်းမာရေးကဏ္ဍတွင် အကျိုးရှိသောလှူဒါန်းမှုများကိုလိုအပ်ပါက ဆောင်ရွက်နိုင်ရန် သဘောတူညီထားခဲ့ကြသည့်အတိုင်း မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ် ဆေးပညာဌာနတွင်Renal Dialysis အတွက် တစ်လလျှင်လူနာ(၂)ဦးအတွက် ကုသနိုင်ရန် ငွေကျပ် ၈၀၀၀၀ အား လစဉ်ပုံမှန်အနေဖြင့်လှူဒါန်းနိုင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင်အသီးသီးသို့ Oxygen Cylinder ၂၀လုံး(ကုန်ကျငွေ ၂၈သိန်း)အား အသင်းအနေဖြင့် လှူဒါန်းနိုင်ခဲ့သဖြင့် ယခုအခါ ဆေးကုသဆောင်အသီးသီးတွင် အကျိုးရှိစွာဖြင့် အသုံးပြုနေကြပြီဖြစ်ပါသည်။

ယခုလက်ရှိအနေအထားထက်ပိုမိုအဆင့်မြင့်သောကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါကြောင်းသတင်းကောင်းပေး တင်ပြအပ်ပါသည်။

မျက်မမြင်ကျောင်းကွင်းဆင်းကုသ လှုပ်ရှားမှုများ

မျက်မမြင်ကျောင်းကွင်းဆင်းကုသ လှုပ်ရှားမှုများ

ဒိုးပင် ကွင်းဆင်းကုသလှုပ်ရှားမှုများ

ဒိုးပင် ကွင်းဆင်းကုသလှုပ်ရှားမှုများ

မော်လမြိုင် ကော့ကနော ကျေးရွာ ကွင်းဆင်းကုသလှုပ်ရှားမှု

မော်လမြိုင် ကော့ကနော ကျေးရွာ ကွင်းဆင်းကုသလှုပ်ရှားမှု

တိုက်ကြီး ကွင်းဆင်းကုသလှုပ်ရှားမှု

တိုက်ကြီး ကွင်းဆင်းကုသလှုပ်ရှားမှု

သီရိရတနာ ကွင်းဆင်းကုသ လှုပ်ရှားမှု

သီရိရတနာ ကွင်းဆင်းကုသ လှုပ်ရှားမှု

သုခိတာရာမ ကွင်းဆင်းကုသ လှုပ်ရှားမှု

သုခိတာရာမ ကွင်းဆင်းကုသ လှုပ်ရှားမှု